အသားကင်တစ်ချောင်းကို $1 စပြီးတော့ စားလို့ကောင်းတဲ့ တရုတ်စားသောက်ဆိုင် - 友间厨坊 A Kitchen
Jurong East က Vision Exchange က Level မှာရှိတဲ့ တရုတ်စားသောက်ဆိုင်လေးတစ်ခုကို သက်ထက် Review လုပ်ပေးချင်ပါတယ်။ ဆိုင်နာမည်လေးကတော့ A Kitchen ဖြစ်ပါတယ်။
သက်ထက် အဲ့ဒီမှာ အကြိုက်ဆုံးကတော့ Special Marinated Beef လို့ခေါ်တဲ့ အမဲသားလေးတွေကြားထဲ ငရုတ်သီးတွေညှပ်ထားတဲ့ အကင်လေးကို စားရတာ အရမ်းကြိုက်တယ်။ သူ့ရဲ့ အရသာက စပ်စပ်လေးနဲ့ စားလို့ကောင်းလို့ သက်ထက် အမြဲသွားပြီး ရောက်တိုင်း စားဖြစ်တဲ့ အကင်လေးတစ်ခုပါ။
နောက်ပြီး ဒီဆိုင်မှာ အရမ်းစားကောင်းတဲ့ တစ်ခြား တရုတ်ဟင်းလျာများစွာလည်း ရှိပါတယ်။ ကိုယ်က တရုတ်အစားအစာ Crazy ဖြစ်တဲ့သူဆိုရင်တော့ ဒီဆိုင်လေးကို သဘောကျနေမှာ သေချာပါတယ်။
ဘာကြောင့်လဲဆိုရင် Singapore မှာ တစ်ခြားဘယ်ဆိုင်မှာမှ မရှိတဲ့ $1 တန် အသားကင်ချောင်းလေးတွေ ဒီဆိုင်မှာရလို့ပါ။
$1 တန်ဆိုပေမယ့် အသားပါတာများပြီး အရသာလည်း တော်တော်ကောင်းကောင်းတဲ့အပြင်
အသားကင်မှာ တရုတ်မဆလာအမှုန့်လေးတွေနဲ့ အကင်နံ့လေးက တကယ်ဆွဲဆောင်မှုရှိပြီး
စားပြီးရင်းဆက်စားချင် ဖြစ်စေပါတယ်။
အသားကင်မှာ တရုတ်မဆလာအမှုန့်လေးတွေနဲ့ အကင်နံ့လေးက တကယ်ဆွဲဆောင်မှုရှိပြီး
စားပြီးရင်းဆက်စားချင် ဖြစ်စေပါတယ်။
အသားကင်တွေကလည်း ဝက်သား၊ကြက်သားနဲ့ Mutton မျိုးစုံရတော့ တစ်ခုမဟုတ်တစ်ခု ရွေးချယ်ပြီး စားလို့ရပါတယ်။
အသားကင်တွေ မှာမယ်ဆိုရင်တော့ တစ်မျိုးကို 5 - 10 ချောင်း အနည်းဆုံးမှာရပေမယ့် တစ်ချောင်းမှ တစ်ကျပ်ဆိုတော့ တကယ်စားပျော်ပြီး စျေးတန်တဲ့ဆိုင်လေးပါ။
သူ့ဆိုင်လေးရဲ့ ထူးခြားချက်က တစ်ဆိုင်လုံးနီးပါး Chinese မို့ တရုတ်လိုအပြောများတာကြောင့် မှာတဲ့အခါမှာ အနည်းငယ် စိတ်ရှည်ဖို့တော့လိုပါတယ်နော်။
ဒါပေမယ့် စာရွက်နဲ့မှတ်ပြီးမှ မှာယူရတာဆိုတော့ စကားတွေအများကြီးပြောစရာမလိုပါဘူး။
ဒီလိုမျိုး အစားအသောက်၊ Customer Service တင်အဆင်ပြေတာမဟုတ်ဘဲ ဆိုင်လေးကလည်း စားကြ၊သောက်ကြနဲ့ စကားတွေ ကျယ်ကျယ်လောင်လောင်ပြောလို့ကောင်းပြီး လူငယ် Vibe လေးရပါတယ်။
ဆိုင်ရဲ့ အပြင်ဘက်မှာဆိုရင်လည်း မီးလေးတွေ ထွန်းထားတဲ့အပြင် လေတစ်ဖြူးဖြူးနဲ့ စားရတဲ့အရသာကို ကြိုက်တဲ့သူဆိုရင်တော့ MRT လမ်းမကြီးအောက်မှာ စားရင်းသောက်ရင်း Chill လို့ရပါတယ်။
ဒီတော့ ကိုယ်က တရုတ် အစားအသောက်တွေကိုကြိုက်တယ် သက်ထက်လို အကင်တွေကိုလည်းကြိုက်တဲ့ Foodies ဆိုရင်တော့ ဒီဆိုင်လေးကို သွားစားကြည့်ရင် အကြိုက်တွေ့မှာ သေချာပါတယ်။
နောက်ထပ် ဒီလိုမျိုး ဈေးတန်ပြီး အရသာကောင်းတဲ့ ဆိုင်လေးတွေကို ရှာဖွေပြီး အမြဲ Sharing လုပ်ပေးအုံးမှာမို့ ကိုယ်က ဒီလိုဆိုင်လေးတွေကို ရှာနေတဲ့သူဆိုရင်တော့ သက်ထက်ရဲ့ Website လေးကို စောင့်ကြည့်ထားလို့ရပါတယ်ရှင့်။
စာဖတ်သူအားလုံး ပျော်ရွှင်ဖွယ်ရာနေ့ရက်တိုင်းကို ပိုင်ဆိုင်ကြပါစေရှင်!
Outlets
📍Vision Exchange: 2 Venture Dr, #01-37/38, Singapore 608526
📍Junction 10: 1 Woodlands Rd, #01-30, Singapore 677899
📍168 Punggol Fld, B1-05, Singapore 820168
0 comments