Ads

Singapore မှာ ပိုက်ဆံမကုန်ဘဲ သူငယ်ချင်းတွေနဲ့ အေးဆေးထိုင်လို့ရတဲ့ ၅ နေရာ

by - August 19, 2024

Peninsula Plaza ပတ်၀န်းကျင်တို့ Singapore River ဘေးတို့မှာ လူတွေ အရမ်းရှုတ်နေလို့ အပြင်ထွက်ရမှာတောင် စိတ်ညစ်နေတဲ့ သူတွေဖို့ တစ်ခြားဘယ်နေရာတွေမှာ သူငယ်ချင်းအုပ်စုတွေနဲ့ ထိုင်လို့ရတဲ့ နေရာတွေကို ဒီ Blog လေးမှာ ဖတ်ကြည့်လိုက်ပါအုန်းနော်။


1) Marina Barrage


အနီးဆုံး MRT များ :
Garden By the Bay (အညိုလိုင်း)
BayFront (အပြာလိုင်း ၊ အ၀ါလိုင်း)

ဒီမှာ မြက်ခင်းပြင်ကြီးပေါ်မှာ နေမပူတဲ့အချိန်မှာ ဖျာလေးခင်းပြီး ထိုင်လို့ရပြီး ဒီကမြင်ရတဲ့ Singapore View က အရမ်းလှပါတယ်။ ဒီ အပေါ်ထပ်ကတစ်ခါတစ်လေ လူရှုတ်တော့ လူတွေသိပ်မသိတဲ့နေရာလေးကို ပြောပါရစေ။ အပေါ်ကိုမတက်ဘဲ Car Parking ဖက်ကိုထွက်သွားလိုက်တာနဲ့ ဒီဖက်မှာ မြက်ခင်း ပြင်ကြီးထပ်ရှိပါတယ်။ ဒီဖက်မှာလဲထိုင်လို့ရပြီး Singapore View မဟုတ်ပင်မယ့် ပင်လယ်အလှကို မြင်ရတာပေါ့။ ညဖက်ဆို ကောင်းကင်ကြီးအောက်မှာ တိမ်ရှင်းတဲ့နေ့တွေဆို လကြီးပါမြင်ရပါတယ်။


2) East Coast Park

အနီးဆုံး MRT များ :
Marine Parade(အညိုလိုင်း)
ဒီနေရာလေး တစ်ခုကောင်းတာက စားပွဲတန်းလေးတွေရှိတော့ စားသောက်ဆိုင်တွေမှာမစားချင်တဲ့သူတွေ ဟင်းတွေ Parcel ထုတ် ၊ တူတူစားဖို့ အိမ်က ဟင်းတွေချက်လာပြီးပင်လယ်ကြီးကို မျက်နှာမူနေတဲ့ စားပွဲလေးတွေမှာ လေတစ်ဖြူးဖြူးနဲ့ ထိုင်စားရင်းစကားပြောလို့ရပါတယ်။



3) Sentosa Beach

အနီးဆုံး MRT များ :
Harbour Front MRT (ခရမ်းလိုင်း)

Vivo City မှ လမ်းလျောက် သို့မဟုတ် Tram စီးသွားလို့ရပါတယ်
Sentosa မှာ Siloso ကမ်းခြေ ၊ Palawan ကမ်းခြေ နဲ့ Tanjong ကမ်းခြေဆိုပြီး သွားလို့ရတဲ့ ကမ်းခြေ ၃ မျိုးရှိပါတယ်။ ၃ နေရာလုံးက တစ်မျိုးစီလှပါတယ်။ Sentosa ကို မသွားခင် Vivo City မှာ ရှိတဲ့ Fairprice ကနေ မုန့်တွေ အချိုရည်တွေဝယ်သွားပြီး ပိုက်ဆံကုန်သက်သာအောင် Broadwalk ကနေ လမ်းလျောက်ပြီး ကမ်းခြေဖက်ကိုသွားသွား $၄ ပေးပြီး Sentosa Express ကြီးကို စီးသွားလို့ရပါတယ်။ Sentosa ရောက်ရင် ဖျာလေးခင်း မုန့်လေးတွေစားပြီး ပင်လယ်လေလေးခံပြီး သူငယ်ချင်းတွေနဲ့ စကားပြောလို့ရပါတယ်။


4) West Coast Park

အနီးဆုံး MRT များ :
Clementi MRT (အစိမ်းလိုင်း)
West Coast က တော့ ထိုင်စရာတွေမများပေမယ့် ဒီလို လမ်းရဲ့ အစပ်လေးတွေလို့ခေါ်ရမလား။ ဒီလိုနေရာလေးတွေမှာ ထိုင်လို့ရပါတယ်။ ဒီဟာက Clementi MRT နဲ့ နည်းနည်းလှမ်းတော့ West ဖက်မှာ နေတဲ့သူတွေဖို့ အဆင်ပြေလိမ့်မယ်။ ညနေစောင်း နေဝင်ချိန်ဆိုရင် အရမ်းလှပါတယ်။


5) Changi Beach Park


ဒီနေရာလေးကတော့ Singapore ကျွန်းရဲ့ ဟိုးထိပ်ဆုံးမှာရှိတာပါ။ တစ်ခြားပန်းခြံတွေလိုဘဲ BBQ Pit တို့ ကစားကွင်းတွေရှိပြီးတော့ သက်ထက်ထိုင်ခဲ့တာကတော့ ဒီ Car Park 1 နားမှာပါ။ နေအေးပြီး မိုးမရွာတဲ့နေ့တွေမှာ ဆိုထိုင်လို့ကောင်းပြီး ငါးမြှားနေတဲ့သူတွေကော ဒီတိုင်း စကားလာပြောနေကြသူတွေရောစည်စည်ကားကားပါဘဲ။ 

East Coast ထပ်တောင်၀ေးတော့ လူအရောက်တော့နည်းတယ်။ တော်တော်လှပြီး အေးဆေးလွန်းတော့ အချိန်ရှိရင် ဒီနေရာလေးက အလှဆုံးပါဘဲ။
ဒီနေရာလေးတွေ အားလုံးက ပိုက်ဆံမကုန်ဘဲ အေးဆေးထိုင်လို့ရတော့ မုန့်လေးတွေ၀ယ်သွားပြီး စကားတွေ အကျယ်ကြီးပြောပြော သက်ထက်တို့လို ရယ်ရင် အသံအကျယ်ကြီးဖြစ်တဲ့သူတွေဖို့တော့ အဆင်ပြေတာပေါ့။


နောက်ရက် အားတဲ့နေတွေမှာ သွားဖို့ရင် ဘယ်နေရာတွေ ရှိတယ်ဆိုတာလေးကို တန်းကြည့်ဖို့ အတွက် ဒါလေးကို Save ထားပြီး ကြိုက်ရင် Like လေးပေးသွားအုန်းနော်။

You May Also Like

0 comments