Ads

စားလို့ ကောင်းတဲ့ Bugis Hotpot & BBQ Buffet

by - August 19, 2024

Hotpot နဲ့ BBQ ဆို အဝစားရမှ ကျေနပ်တဲ့ Foodie လေးများအတွက် သွားစားကြည့်သင့်တဲ့ Bugis Cube Mall က ဆိုင်လေးပါ။ ဆိုင်နာမည်လေးကတော့ Bugis Hotpot & BBQ လို့ ခေါ်ပါတယ်။



ဒီဆိုင်လေးရဲ့ Hotpot ဟင်းရည် ဆိုရင် တရုတ်ပြည်က မူလအရသာအတိုင်း မာလာ စပိုင်စီ ၊ ဝက်ရိုးပြုတ်ရည် ၊ ကြက်ပြုတ်ရည် ၊ တုံယမ်း ၊  စတဲ့ အရသာ(၈)မျိုးထိ စုံစုံလင်လင် ရွေးနိုင်ပါတယ်။




အသားတွေအနေနဲ့ ကြက်သား၊ဝက်သား၊အမဲသား၊သိုးသား စတာတွေကို Marinate လုပ်ထားလို့ အသားထဲကို အရသာအပြည့် စိမ့်ဝင်နေတော့ အရသာရှိချက်ပဲ ။ ကိုရီးယားစတိုင် အသားနှပ်၊ ထိုင်းစတိုင် ဝက်သုံးထပ်သားအစပ်၊ ငရုတ်ကောင်းအမဲသားနှပ်၊ ကြက်သားမာလာ အစရှိတဲ့ အရသာအစုံအလင်ရှိပြီး ကင်လိုက်တာနဲ့ အနံ့လေးက ဆွဲဆောင်နေရော ။ အသားလေးတွေက နူးညံ့နေပြီး လျှာပေါ်မှာ အရသာထိမိ ။နှပ်ထားတဲ့ အသားအစုံအလင်နဲ့ပင်လယ်စာတွေလည်း ပါလို့ Seafood ချစ်သူများ အမုန်းဆွဲလို့ ရပြီပေါ့ ။





BBQ စားပြီဆိုရင်တော့ Sauce က မပါမဖြစ် မဟုတ်လား ။ ဆော့စ်အတွက် အရသာ(၁၄) မျိုးထိ ချပေးထားပြီး Thai Chutney Sauce , Garlic Sauce , Ketchup  စတဲ့ ဆော့စ် ပေါင်းစုံအပြင် ကြက်သွန်မိတ် ၊ မြေပဲ ၊ နှမ်း ၊ သံပရာသီး တွေပါချထားပေးပါတယ်ရှင် ။



ဒါတင်ပဲလားဆို မပြီးသေးဘူးနော် ။ အကင်တွေ အဝစားပြီးရင် အအီပြေစေဖို့ Free Flow Drink ကိုလည်း +1$ တည်းနဲ့ သောက်လို့ရတော့ အိုကေတာပေါ့ ။အချိုပွဲတည်းဖို့ ရေခဲမုန့်စိတ်ကြိုက်စားလို့ ရသေးတဲ့အပြင် အသီးအစုံကိုလည်း ပါပါသေးတယ်နော်။



Bugis BBQ & Hotpot 武吉士烤涮 

(1) Buffet အ၀စားစျေးနှုန်း 
Lunch 
Adult-$20.80++ (++ ဆိုတာ GST 9% နဲ့ Service Charges 10% ကို ပြောတာပါ) 
Kid(1.1m-1.4m)$14.80++ 

Dinner 
Adult-$24.80++ (++ ဆိုတာ GST 9% နဲ့ Service Charges 10% ကို ပြောတာပါ) 
Kid(1.1m-1.4m)$14.80++ 


ထပ်ပေးရတာတွေက (Additional Charges)
(1) Free-flow ဂဏန်း ထည့်ချင်ရင် - $4/pax 
(2) အအေး (orange & grape flavour) နဲ့ ရေခဲမုန့် - $1/pax
(3) ဟင်းချို ၂ မျိုး - $8 dual soup
      ဟင်းချို ၄ မျိုး - $9 dual soup
(4) Cheese bed small - $2/tray
      Cheese waterfall - $5/pot 

(5) စားချိန် မိနစ် ၉၀
(6) Complimentary meat birthday cake with reservations for 4 pax & above on the birthday day. choice of beef or pork. 

(7) Ala carte bbq အကင်တွေကို လဲ $1 တန်လောက်ကနေ စပြီးရပါတယ်






Bugis BBQ & Hotpot 武吉士烤涮 လိပ်စာ -
Bugis Cube, 470 North Bridge Road,#01-01, S188735
For reservations, pls call:
63383405/ 83999127

ဆိုင်ဖွင့်ချိန်အနေနဲ့ 11:30 AM to 3:00 PM ၊ 3:30 PM to 2:00 AM ထိ ဖြစ်ပြီး ဆိုင်လိပ်စာလေးကတော့ 470 North Bridge Road , Bugis Cube Mall အောက်ထပ်က လျှောက်လမ်းမှာရှိလို့ လမ်းကြုံခဲ့ရင် ဝင်စားကြည့်ဖို့ မမေ့နဲ့နော် ။




You May Also Like

0 comments