Singapore မှာ နောက်ဆုံး ဖွင့်ထားတဲ့ Bidadari Park (အသစ်)
Singapore မှာ နောက်ဆုံး ဖွင့်ထားတဲ့ Bidadari Park အသစ်
Winnie the Pooh ကာတွန်းလေးထဲကဒီဇိုင်းလေးကို Inspire ထားတယ်လို့တင်စားထားပါတယ်။ 1.8ha လောက်ကျယ်တဲ့ရေကန်ကြီးက လျှောက်လမ်းတွေရဲ့ အလယ်မှာရှိတယ်။ ရောက်သွားတော့ ကန်တော်ကြီးကိုတောင် သတိရသွားတယ်။ ကန်တော်ကြီးလို မကျယ်တောင်မှ ခပ်ဆင်ဆင်ဆိုတော့ ရောက်သွားတော့ အလွမ်းပြေလေးပေါ့နော်။
ရေကန်ကြီးက Bidadari ပတ်ဝန်းကျင်မှာ ရေကြီးမှုကို ကာကွယ်ရေးစနစ်လိုမျိုးရော ပတ်ဝန်းကျင်အတွက် အလှဆင်ထားသလိုမျိုးဖြစ်တဲ့နေရာလေးဖြစ်နေပါတယ်။ ရေကန်ရဲ့ နာမည်ကတော့ Alkaff Lake လို့ခေါ်တယ်။
တစ်ခြား Park တွေနဲ့ မတူတာလေးတွေရှိတယ်။ နေရာတိုင်းမှာ ဒီလို Speaker လေးတွေက Warning System အတွက် Preparation System အနေနဲ့ထားထားတယ်။
သွားလည်ရင်တော့ ကန်ပတ်ပတ်လည်မှာ ထိုင်ခုံလေးတွေရှိပြီးတော့ Woodleigh Mall ကနေ စားစရာလေးတွေ ၀ယ်ပြီးသွားရင် စားဖို့ ဒီလို ခုံတွေလဲရှိတော့ အိုကေစိုပြေပေ့ါနော်။ ပြီးတာနဲ့ ကလေးလေးတွေရှိရင်လည်း ကစားကွင်းမှာ လွှတ်ထားလို့ရတယ်။ လူမရှိရင် ကလေးစိတ်မကုန်သေးတဲ့ လူကြီးတွေလဲ တက်ဆော့လို့ရတယ်။ အားကစားလှုပ်ရှားမှုရအောင် လမ်းလျှောက်ဖို့လဲအကျယ်ကြီးဘဲ။ တောလမ်းလေးတွေလည်း ရှိတော့ Nature နဲ့ ထိတွေ့ရတာပေ့ါ။
Sunset ကလဲ တအားလှတော့ ကိုယ့် ချစ်သူလက်လေးဆွဲပြီး Dating သွားသွား နေ၀င်ချိန်လေးကို ကြည့် ပုခုံးလေးကိုမှီပြီး Romantic တာပေ့ါ။
ဒီနေရာသစ်လေးကို အားလပ်ချိန်မှာ သွားလည်ဖို့ တစ်နေရာထဲမှာထည့်ထားလိုက်ဦးနော်။
ဘယ်လိုသွားရမလဲ?
Nearest MRT : Woodleigh MRT (Purple : North East Line)
Exit A ကနေထွက်ပြီးတော့ Woodleigh Mall ကိုဖြတ်ပြီးတာနဲ့ Level Two Link Bridge ကနေသွားတာနဲ့ Park ကို တန်းမြင်ရမှာပါ။
0 comments