Ads

Sentosa ကနေ Lazarus Island ကို Ferry အလကားစီးနိုင်မယ့် အခွင့်အရေး

by - September 06, 2024

Photo: The Straits Times




ဟိတ် Sentosa ကနေ Lazarus Islands မှာ ရှိတဲ့ ကမ်းခြေတွေကို သွားတဲ့ Ferry ကို September 7 to 22 ရက်နေ့ရဲ့ Weekends တွေမှာ အခမဲ့ စီးလို့ရနေပြီဆိုတာသိပြီးသွားပြီလား? 


Sentosa ကမ်းခြေတွေရယ် Southern Islands မှာရှိတဲ့ ကမ်းခြေတွေက June လတုန်းက ဆီဖိတ်ထားတော့ ပိတ်ထားရတာဖြစ်လို့ အခုမှ ပြန်ဖွင့်တာပါ။ 


ကမ်းခြေတွေ ပြန်ဖွင့်တဲ့ အထိမ်းအမှတ်တွေ အနေနဲ့ Free ပေးထားတဲ့ အခွင့်အရေးပါ။ Lazarus Island ဖက်မရောက်ဖူးသူတွေဖို့ ဒီ Free ရတဲ့ အခွင့်အရေးနဲ့ သွားရင်တော့ တန်မှတန်ပေါ့နော်။ 


တကယ့် Ticket စျေးတွေက $20 လောက် ရှိပါတယ်။ 


Sentosa ဖက်ကနေ Sentosa Jetty @ Cove မှာစီးရမှာပါ။ 

Photo : Channel NewsAsia


စားစရာဆိုင်လေးတွေက Pop Up Cafe ဆိုင်လေးတော့ ရှိပါတယ်။ ပိုက်ဆံမကုန်ချင်ရင်တော့ ကိုယ့်စားစရာလေးတွေကို ထုပ်သွားပြီး Picnic လေးသွားထွက်လို့လည်း ရတာပေ့ါ။ 


ဒါလေးကတော့ Free ရတဲ့ Ferry အချိန်တွေနဲ့ ပထမဆုံးလာတဲ့ လူ အယောက် ၈၀ ကိုပဲ Free ပေးမှာမို့ အမှီလေး စောစောသွားပြီးတန်းစီလိုက်ကြဦးနော်!


You May Also Like

0 comments