Mid - Autumn Festival ပွဲတော် : Lights by the Bay at Chinese Garden
Jurong Lake Garden မှာ Lights By The Lake လို့ခေါ်တဲ့ Mid Autumn Festival ပွဲအတွက် မီးပုံးလေးတွေနဲ့ မီးထွန်းထားတဲ့ နေရာလေးတစ်ခုပေါ့
ဒီနေရာလေးမှာ ဘာတွေရှိတယ်၊ ဘယ်လိုမျိုး လည်ပတ်လို့ရတယ်ဆိုတာတော့ သက်ထက်က အသေးစိတ် ရေးပေးထားပါတယ် 💓
နေရာတိုင်းမှာ Lantern လေးတွေ အပြည့်ထွန်းထားလို့ ဓာတ်ပုံရိုက်လို့ တော်တော်လှပါတယ်
Performance Show ပြတာတွေကို စိတ်ဝင်စားတဲ့သူဆိုရင်တော့ Weekend မှလာရောက်လည်ပတ်ဖို့ ပိုပြီး Recommend ပေးပါတယ်နော်တကယ်ကို အဆင်ပြေတဲ့ နေရာလေးတစ်ခုပါ
ဒါ့အပြင် တရုတ်ရိုးရာပုံပြင်တွေထဲက Chang’e ၊ လပေါ်ကနန်းတော်၊နဂါးမင်းကြီးတွေအပြင် Mid Autumn နဲ့ပတ်သတ်တဲ့ Character မျိုးစုံကိုလည်း ထိတွေ့ခံစားခွင့်ရမှာပါ
ဒါတင်မဟုတ်ဘဲ တရုတ်လို Ne Zhaလို့ ခေါ်တဲ့ သက်ထက်တို့ ငယ်ငယ်က မြဝတီ Channel မှာကြည့်ခဲ့ဖူးတဲ့ နီးကျာ Character တောင် တွေ့ခဲ့သေးလို့ ငယ်ဘဝကို ပြန်တမ်းတသွားတာတော့ အမှန်ပါပဲ
Chinese Garden နဲ့ Japanese Garden ကို (၅)နှစ်လောက် ပိတ်ထားပြီးမှ အခုမှ ပြန်ဖွင့်တာဖြစ်လို့ လုံးဝ အသစ်စက်စက်ပဲရှိနေသေးလို့ Photo လှလှလေးတွေရိုက်လို့ရတာပေါ့နော်။
နောက်တစ်ခုက Pagoda Tower ကြီးတွေမှာ သူ့အချိန်နဲ့သူ Light Performance ပြတာမျိုးတွေလည်းရှိလို့ လည်ပတ်လို့ ကြုံခဲ့ရင် တစ်ဝကြီးကြည့်ခဲ့ကြပါနော်
နောက်ပြီး View လှတဲ့ Coffee ဆိုင်နဲ့ Waffle ဆိုင်တွေလည်းရှိလို့ လည်ရင်းပတ်ရင်း စားရင်းသောက်ရင်း အေးဆေး Chill ချင်သူတွေအတွက်တော့ အကြိုက်တွေ့မယ့် နေရာလေးတစ်ခု ဖြစ်မှာသေချာတယ်
မီးပုံလေးတွေက နေရာတိုင်းမှာ ထွန်းထားပြီး ကလေးတွေကလည်း မီးပုံးလေးတွေကိုင်ပြီး လျှောက်ပတ်သွားနေတာမို့ မြန်မာပြည်က သီတင်းကျွတ်ပွဲတော်နဲ့တောင် ခပ်ဆင်ဆင်လေးပါ
ပိုပြီးလွယ်ကူတာတစ်ခုက Garden Area မြေပုံလေးရှိတော့ ကိုယ်သွားချင်တဲ့နေရာကို အလွယ်တကူပဲသွားလို့ရလို့ မျက်စိလည်စရာလည်းမရှိပါဘူး။
နောက်ထပ် သူ့မှာ ပိုက်ဆံပေးပြီးပျော်ရတဲ့ Uncle Ringo Carnival ကစားကွင်းတွေလည်းရှိလို့ ရောက်တုန်းရောက်ခိုက် စိတ်လွတ်ကိုယ်လွတ် ပျော်ချင်တဲ့သူတွေ ပျော်ခဲ့လို့ရပါတယ်
ဒီ Light By The Lake ထဲမှာပဲ Night Market လည်းရှိနေတာက လျှောက်ပတ်ကြည့်ရတာ မောသွားရင် ဗိုက်လာဖြည့်ဖို့အတွက် ဒီထဲက နေရာကောင်းလေးတစ်ခုပေါ့
အကယ်၍ ကိုယ်က ဆိုင်တွေမှာ မစားချင်ဘူးဆိုရင်တောင် ညဈေးထဲ လျှောက်ပတ်ကြည့်ပြီးတော့ ကိုယ်ကြိုက်တဲ့အစားအသောက်ကို ဝယ်ပြီး ပန်းခြံခုံလေးတွေမှာ အေးဆေးထိုင်စားလည်းရပါတယ်
Event Date : 8 - 22 September 2024
Location : Chinese Garden MRT
ဘယ်လိုသွားရလဲ?
ဒီကိုသွားလည်ချင်တဲ့သူတွေအတွက် နေရာလေးညွှန်ပေးရမယ်ဆိုရင်တော့ Chinese Garden MRT ကနေဆင်းပြီးတော့ လျှောက်လမ်းတိုင်း တည့်တည့်လျှောက်သွားလိုက်ရုံနဲ့ Jurong Lake Garden ရဲ့ဝင်ပေါက်ကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။
ဝင်ပေါက်ကနေ ဆက်ပြီးဝင်သွားလိုက်ရုံနဲ့ မြက်ခင်းပြင်ကြီးတာတွေ မီးထွန်းအလှဆင်ထားတွေနဲ့ Pagoda Statue ကို ပထမဆုံးပဲ မြင်တွေ့ရမှာပါ။
ရက်နည်းတော့ သွားရောက်လည်ပတ်ချင်သူတွေ မြန်မြန်လေး သွားရောက်ဖို့ အကြံပြုချင်ပါတယ်
ဒီလိုမျိုး သွားရတာလည်းလွယ်ကူ ပျော်စရာလည်းကောင်း ပိုက်ဆံလည်းသိပ်မကုန်တဲ့ နေရာတွေကို သက်ထက်ရဲ့ Website ထဲမှာ ချစ်ရသူတွေကို ဆက်လက်ပြီး ညွှန်ပေးဦးမှာပါနော်
0 comments