Ads

Clementi က အကောင်းဆုံး မာလာဆိုင် - Fragrance Paradise Mala Xiang Guo

by - August 19, 2024


ဟိတ်...မိုးအေးအေး ဆွေးဆွေးလေးမှာ အစပ်အရသာပြင်းပြင်းလေးနဲ့ မာလာရှမ်းကောတစ်ပွဲလောက် စားလိုက်ရရင်တော့ Cozy Vibe ပဲဆိုတဲ့သူတွေ ရှိကြလား။

မိုးအေးအေးမှာ ရှူးရှူးရှဲရှဲ ပွင့်ထွက်သွားချင်လို့ မာလာအရသာကောင်းကောင်းလေးကို စျေးလည်း သိပ်မကြီးတဲ့ ဆိုင်လေးတစ်ဆိုင်ကို Recommend ပေးပါဆိုရင် Thet Htet က ဒီဆိုင်လေးကို Highly Recommend ပေးချင်ပါတယ်။


သူ့ဆိုင်မှာဆိုရင် ရွေးချယ်စရာ item တွေလည်း များတဲ့ပြင် ရွေးချယ်လိုက်တဲ့ item ပေါ်မူတည်ပြီး စျေးနှုန်းပေးရတာမျိုးတွေလည်း မရှိပါဘူး ဘာအမျိုးအစားမှမခွဲဘဲ ကိုယ်ရွေးချယ်လိုက်တဲ့ item ကို အလေးချိန်အလိုက် 100 Gram ကိုမှ $2.38 ပဲကျသင့်တာဆိုတော့ အသားတွေချည်း စားတတ်သူကတော့ ပိုတန်ပါတယ် နောက်ပြီး... 




သူ့ရဲ့ အစပ် Level က မြင့်ထဲမှာပါတော့ Spicy taste is my venus ဆိုတဲ့သူတွေကတော့ အရွေးချယ်သင့်ဆုံးပဲနော် ဘာလို့ဆို... သူ့ရဲ့အစပ်အရသာက တခြားဆိုင်တွေထက် ပိုပြင်းပြီး Medium Spicy တောင် အရမ်းစပ်တဲ့ထဲပါနေပြီမို့ ရှူးရှဲပွင့်ထွက်ချင်သူတွေအတွက်ကတော့ အကြိုက်ဆုံးဆိုင်လေးဖြစ်လိမ့်မယ် အစပ်အရသာခပ်ပြင်းပြင်း မကြိုက်သူတွေကတော့ မှာယူခင်ကတည်းက Normal Spicy လို့ပြောပြီး ကြိုတင်ပြောပြီး မှာယူစေချင််ပါတယ်







မိုးအေးအေးလေးဆိုတော့ မာလာခေါက်ဆွဲလေးတစ်လုတ်စားလိုက် Soup လေး မှုတ်သောက်လိုက် Mala Vibe ကို အပြည့်အဝခံစားချင်သူတွေအတွက်ကတော့ Mala Soup ဆိုပြီး မှာယူလို့ရပါတယ် သူ့ရဲ့ Mala Soup လေးက နို့စိမ်းထည့်ထားလို့မသိ နို့စိမ်းနံ့လေးမွှေးပြီး ဟင်းရည်က သောက်ပြီးရင်းသောက်ချင်ပဲ အရမ်းကောင်းလွန်းတယ် နောက်ပြီး... 

သူ့ဆိုင်ကလေ အခုလို မာလာရှမ်းကောတင် အရသာကောင်းတာမဟုတ်ဘဲ တစ်ခြားတရုတ်ဟင်းလျာတွေလည်း အရသာကောင်းကြတယ် !





ဒါကြောင့်...သူ့ဆိုင်လေးကို သွားချင်ရင် Thet Htet က နေရာလေးကို လမ်းညွှန်ပေးပါမယ် ဆိုင်နာမည်ကတော့ Fragrance Paradise Mala Xiang Guo ခေါ်ပြီး Block (443) မှာရှိပါတယ်နော် Clementi Mall က Uniqlo ဘေးက အပေါက်ကနေဆင်းပြီး တည့်တည့် လမ်းလျှောက်သွားလိုက်ရင် ရောက်ပါပြီနော် 

ကဲ...နေရာလေးလည်းသိပြီဆိုရင် မိုးလေးအေးပြီး အဆွေးmood လေးဝင်လာရင် ရှူးရှဲပွင့်ထွက်ပြီး လောကကြီးပါမေ့သွားအောင် Fragrance Paradise မှာ မာလာရှမ်းကောလေးသွားစားဖို့ သတိရလိုက်နော်။ 

Fragrance Paradise Mala Xiang Guo
443 Clementi Ave 3, Singapore 120443

You May Also Like

0 comments