Peninsula Plaza ပတ်၀န်းကျင်တို့ Singapore River ဘေးတို့မှာ လူတွေ အရမ်းရှုတ်နေလို့ အပြင်ထွက်ရမှာတောင် စိတ်ညစ်နေတဲ့ သူတွေဖို့ တစ်ခြားဘယ်နေရာတွေမှာ သူငယ်ချင်းအုပ်စုတွေနဲ့ ထိုင်လို့ရတဲ့ နေရာတွေကို ဒီ Blog လေးမှာ ဖတ်ကြည့်လိုက်ပါအုန်းနော်။
1) Marina Barrage
ဒီမှာ မြက်ခင်းပြင်ကြီးပေါ်မှာ နေမပူတဲ့အချိန်မှာ ဖျာလေးခင်းပြီး ထိုင်လို့ရပြီး ဒီကမြင်ရတဲ့ Singapore View က အရမ်းလှပါတယ်။ ဒီ အပေါ်ထပ်ကတစ်ခါတစ်လေ လူရှုတ်တော့ လူတွေသိပ်မသိတဲ့နေရာလေးကို ပြောပါရစေ။ အပေါ်ကိုမတက်ဘဲ Car Parking ဖက်ကိုထွက်သွားလိုက်တာနဲ့ ဒီဖက်မှာ မြက်ခင်း ပြင်ကြီးထပ်ရှိပါတယ်။ ဒီဖက်မှာလဲထိုင်လို့ရပြီး Singapore View မဟုတ်ပင်မယ့် ပင်လယ်အလှကို မြင်ရတာပေါ့။ ညဖက်ဆို ကောင်းကင်ကြီးအောက်မှာ တိမ်ရှင်းတဲ့နေ့တွေဆို လကြီးပါမြင်ရပါတယ်။
2) East Coast Park
Marine Parade(အညိုလိုင်း)
3) Sentosa Beach
Vivo City မှ လမ်းလျောက် သို့မဟုတ် Tram စီးသွားလို့ရပါတယ်
Sentosa မှာ Siloso ကမ်းခြေ ၊ Palawan ကမ်းခြေ နဲ့ Tanjong ကမ်းခြေဆိုပြီး သွားလို့ရတဲ့ ကမ်းခြေ ၃ မျိုးရှိပါတယ်။ ၃ နေရာလုံးက တစ်မျိုးစီလှပါတယ်။ Sentosa ကို မသွားခင် Vivo City မှာ ရှိတဲ့ Fairprice ကနေ မုန့်တွေ အချိုရည်တွေဝယ်သွားပြီး ပိုက်ဆံကုန်သက်သာအောင် Broadwalk ကနေ လမ်းလျောက်ပြီး ကမ်းခြေဖက်ကိုသွားသွား $၄ ပေးပြီး Sentosa Express ကြီးကို စီးသွားလို့ရပါတယ်။ Sentosa ရောက်ရင် ဖျာလေးခင်း မုန့်လေးတွေစားပြီး ပင်လယ်လေလေးခံပြီး သူငယ်ချင်းတွေနဲ့ စကားပြောလို့ရပါတယ်။

4) West Coast Park
Clementi MRT (အစိမ်းလိုင်း)
West Coast က တော့ ထိုင်စရာတွေမများပေမယ့် ဒီလို လမ်းရဲ့ အစပ်လေးတွေလို့ခေါ်ရမလား။ ဒီလိုနေရာလေးတွေမှာ ထိုင်လို့ရပါတယ်။ ဒီဟာက Clementi MRT နဲ့ နည်းနည်းလှမ်းတော့ West ဖက်မှာ နေတဲ့သူတွေဖို့ အဆင်ပြေလိမ့်မယ်။ ညနေစောင်း နေဝင်ချိန်ဆိုရင် အရမ်းလှပါတယ်။
5) Changi Beach Park
ဒီနေရာလေးကတော့ Singapore ကျွန်းရဲ့ ဟိုးထိပ်ဆုံးမှာရှိတာပါ။ တစ်ခြားပန်းခြံတွေလိုဘဲ BBQ Pit တို့ ကစားကွင်းတွေရှိပြီးတော့ သက်ထက်ထိုင်ခဲ့တာကတော့ ဒီ Car Park 1 နားမှာပါ။ နေအေးပြီး မိုးမရွာတဲ့နေ့တွေမှာ ဆိုထိုင်လို့ကောင်းပြီး ငါးမြှားနေတဲ့သူတွေကော ဒီတိုင်း စကားလာပြောနေကြသူတွေရောစည်စည်ကားကားပါဘဲ။
East Coast ထပ်တောင်၀ေးတော့ လူအရောက်တော့နည်းတယ်။ တော်တော်လှပြီး အေးဆေးလွန်းတော့ အချိန်ရှိရင် ဒီနေရာလေးက အလှဆုံးပါဘဲ။
ဒီနေရာလေးတွေ အားလုံးက ပိုက်ဆံမကုန်ဘဲ အေးဆေးထိုင်လို့ရတော့ မုန့်လေးတွေ၀ယ်သွားပြီး စကားတွေ အကျယ်ကြီးပြောပြော သက်ထက်တို့လို ရယ်ရင် အသံအကျယ်ကြီးဖြစ်တဲ့သူတွေဖို့တော့ အဆင်ပြေတာပေါ့။
နောက်ရက် အားတဲ့နေတွေမှာ သွားဖို့ရင် ဘယ်နေရာတွေ ရှိတယ်ဆိုတာလေးကို တန်းကြည့်ဖို့ အတွက် ဒါလေးကို Save ထားပြီး ကြိုက်ရင် Like လေးပေးသွားအုန်းနော်။